''ဖုန်းမျက်နှာပြင်videoရိုက်ပေးသောScreen Recorderလေးများ ''
မင်္ဂလာပါဘော်ဘော်တို့-
ဘော်ဘော်တို့အတွက်ဖုန်းမျက်နှာပြင်ကိုVideoရိုက်ပေးတဲ့Screen Recorder apkလေးနှစ်ခုကိုတင်ပေးပါရစေ။ဟိုးတစ်လောက postမှာဘော်ဘော်တို့အတွက်Recording Masterဆိုတဲ့apkလေးပေးစဉ်တုန်းကrootရှိလို့အဆင်ပြေသွားတဲ့သူတွေရှိသလိုRootမရှိတဲ့အတွက်အဆင်မပြေတဲ့ညီငယ်တစ်ချို့ကRootမလိုပဲScreenကိုVideo ပြန်ရိုက်တဲ့Recorderလေးတွေ့ရင်တင်ပေးပါလို့ပြောထားတဲ့ညီငယ်များရှိတဲ့အတွက်ကြောင့်
ဒီတစ်ခါတော့Rootမလိုတဲ့Screen Recoredrလေးနှစ်ခုကိုတင်ပေးလိုက်ပါတယ်။အရင်အခေါက်ကတင်ပေးတုန်းကRecording Master apkလေးဟာRootမရှိပေမယ့်
အသုံးပြုလို့ရတဲ့သူလည်းရှိသလိုအသုံးပြုလို့မရတဲ့သူများလည်းရှိခဲ့ပေမယ့်
ဒီီတစ်ခေါက်တော့ အဆင်ပြေနိုင်ပါစေလို့
ရည်ရွယ်ပြီးNon Root Screen Recorder apkလေးနှစ်ခုကိုအသုံးပြုပုံအကြမ်းလေး ပုံနဲ့တကွရှာဖွေတင်ပေးလိုက်ပါတယ်။
နံပါတ်(1)apkလေးကတော့အသုံးပြုသူရဲ့ပုံမပါဝင်ပါဘူး။ဒါပေမယ့် အချိန်တော်တော်ကြာမြင့်တဲ့အထိဖုန်းမျက်နှာပြင်ကိုVideoပြန်ရိုက်လို့ရပါတယ်။်သူ့Settingထဲမှာကိုက5:00မိနစ်စာချိန်ထားပြီးသားပါ။ထိုထက်ပိုတဲ့ကိုယ်အသုံးပြုနိုင်လောက်တဲ့အထိအချိန်ကို ချိန်ညှိနိုင်ပါလိမ့်မယ်။
File Sizeကတော့2.13MBပဲရှိပါတယ်။
နံပါတ်(2)apkလေးကတော့Recordingလုပ်သူရဲ့ပုံပါထည့်သွင်းလို့ရတဲ့Camera Setting ပါပါတယ်။အဲဒ ီapkကစရိုက်ချင်တာနဲ့ အပေါ်ညာဒေါင့်ကVideo Camera ပုံလေးကိုတစ်ချက်ထောက်လိုက်ရင်videoစရိုက်ပါပြီ။ရိုက်ရင်းနဲ့မျှားထိုးပြချင်တာတို့ဘာတို့လုပ်ချင်ရင်နာရီနေရာလေးကိုကြာကြာဖိလိုက်တာနဲ့အပေါ်ဘယ်ဒေါင့်မှာစာရေးဖို့Colour Barလေးပေါ်လာပါမယ်နှစ်သက်ရာအရောင်ရွေးယူနိုင်ပါတယ်။Videoရိုက်တာ ရပ်ချင်တော့နာရီနေရာကိုပဲတစ်ချက်ထောက်လိုက်တာနဲ့Videoရိုက်ခြင်းပြီးဆုံးပါမယ်။File Sizeကတော့6.38MBပါ။
Storage Locationနဲ့အခြားလိုအပ်သလိုချိန်ယူချင်ရင်တော့၄င်းတို့ရဲ့Settingထဲမှာဝင်ချိန်ယူပါ။ ပုံကတော့အကြမ်းဖျင်းလောက်ပဲပြနိုင်လို့ပါ။ဖုန်းအမျိုးအစားတွေများတဲ့အတွက်ကြောင့်ဖုန်းတိုင်းအဆင်ပြေမယ်လို့တော့အာမမခံဝံ့ပါ။ဒါပေမယ့်အတော်များများကအဆင်ပြေမယ်လို့ယုံကြည်ပါတယ်။Android Version4.0နဲ့အထက်အသုံးပြုလို့ရပါတယ်။
နှစ်သက်လို့အသုံးပြုချင်တယ်ဆိုရင်တော့
အောက်ကLinkနှစ်ခုစီထဲကတစ်ခုစီကိုDown ယူအသုံးပြုနိုင်ပါတယ်။
App one- https://my.pcloud.com/publink/show?code=XZ9mG8ZTpM9A4Ccf9QwxFitNRtffp5WxJCX
App two- https://my.pcloud.com/publink/show?code=XZTmG8ZdTwUUgqwnnznzpVYqy6Ed5i6s6vV
အဆင်ပြေကြပါစေဗျာ။
အားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။
Waier(T.H R.S)