သင်္ကြန်ကာလမှာ ရေကစားရင်းနဲ့ပဲ ဖြစ်ဖြစ်၊ အိမ်သာတွင်း၊ ရေတွင်း၊ ရေကန်များထဲ ဖုန်းပြုတ်ကျသွားလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ရေစိုသွားတဲ့ စမတ်ဖုန်းကို မပျက်ဆီးအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဖုန်းပြင်ဆိုင်ကို အရင်မသွားဘဲ အောက်ဖော်ပြပါ နည်းလမ်းတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်။ နည်းလမ်းများကို အပိုင်း ၂ ပိုင်းခွဲပြီး ဖော်ပြပေးထားတာဖြစ်ပြီး ယခုအပိုင်းကတော့ အပိုင်း ၂ ဖြစ်ပါတယ်။
၅။ တကယ်လို့ သင့်ဖုန်းဟာ ရေအရမ်းစိုသွားတဲ့ အခြေအနေမှာ အတွင်းပိုင်းအထိ ရောက်သွားတဲ့ ရေများကို အ၀တ်နဲ့ သုတ်ယူဖို့ ခက်ခဲသွားပါပြီ။ အဲဒီအခြေအနေမှာ လေစုပ်တဲ့ ကိရိယာကို အသုံးပြုပြီး ရေများကို ဖယ်ရှားပါ။ microSD Card, SIM Card တို့လို သေးငယ်တဲ့ အရာများကို လေစုပ်ကိရိယာရဲ့ အေ၀းမှာ ထားပါ။
၆။ Ziplock အိတ်လို ဇစ်ပါတဲ့ အိတ်ထဲကို ဖုန်းနဲ့ အတူ မချက်ရသေးတဲ့ ဆန်စေ့များကို ထည့်ပြီးပိတ်ထားပါ။ ဆန်စေ့များဟာ ရေကို စုပ်ယူရာမှာ အလွန်ကောင်းမွန်တဲ့ အစွမ်းသတ္တိရှိပါတယ်။
၇။ ဖုန်းမှ ရေတွေကို ခြောက်သွေ့စေဖို့ အထူးပြုလုပ်ထားတဲ့ Phone Drying Pouch တွေကို အနီးအနားမှာ လျှင်မြန်စွာ ၀ယ်ယူလို့ရရင် အသုံးပြုပါ။ အလွယ်တကူ ၀ယ်ယူလို့ မရရင်တော့ ဆန်စေ့နည်းလမ်းကိုသာ အသုံးပြုပါ။
၈။ ရေစိုသွားတဲ့ ဖုန်းကို တစ်ရက်ကနေ နှစ်ရက်အထိ ခြောက်သွေ့အောင် ထားပါ။ ဖုန်းကို ပါဝါဖွင့်ခြင်းကို ရှောင်ကြဉ်ပါ။ SIM Card ကို ဖုန်းအဟောင်းထဲထည့်ပြီး အသုံးပြုပါ။ သူငယ်ချင်း ၊ မိတ်ဆွေများမှာ ဖုန်းအပို်တစ်လုံးရှိရင်လည်း အဲဒါကို အသုံးပြုပါ။
၉။ နှစ်ရက်ကြာပြီးတဲ့ နောက်မှာ ဆန်အိတ်ထဲကနေ ဖုန်းကို ယူပါ။ ဘက်ထရီကို ဖုန်းမှာ တပ်ဆင်ပြီး ပါဝါဖွင့်ပါ။
၁၀။ ပါဝါမပွင့်ခဲ့ရင်တော့ ဖုန်းကို အားသွင်းကြည့်ပါ။ ဘက်ထရီ အားသွင်းတဲ့ အခြေအနေကို မမြင်ရရင်တော့ ဘက်ထရီ ပျက်ဆီးသွားတာ ဖြစ်နိုင်ပါတယ်။ ဘက်ထရီကို ခြောက်သွေ့အောင် ထပ်မံ ထားရှိပြီးမှ တစ်ခါပြန်စမ်းသပ်ကြည့်ပါ။ ဒီလိုလုပ်လို့မှ အဆင်မပြေသေးရင် ဘက်ထရီအပိုကို တပ်ဆင်ကြည့်ပါ။ ဒီလိုလုပ်လို့မှ အဆင်မပြေသေးရင်တော့ နီးစပ်ရာ ဖုန်းပြင်ဆိုင်များမှ ကျွမ်းကျင်သူများကို ပြသပါ။
၁၁။ ဖုန်းဟာ ပါဝါပွင့်ပြီး အလုပ်ကောင်းကောင်း လုပ်နေရင်လည်း အရင်အခြေအနေအတိုင်း ရှိသလား ဆိုတာကို စစ်ဆေးဖို့ ရက်အနည်းငယ်ကြာကြာ အထိ ဂရုတစိုက် စောင်ကြည့်ပါ။ စပီကာတွေ အလုပ်ကောင်းကောင်း လုပ်၊ မလုပ်စစ်ဆေးဖို့ သီချင်း နားထောင်ကြည့်ပါ။ ထိတွေ့မျက်နှာပြင်ရဲ့ တုန့်ပြန်မှုကိုလည်း စစ်ဆေးသင့်ပါတယ်။
Credit to: Myanmar digital life journal
