Sunday, April 10, 2016

ရေစိုသွားတဲ့ စမတ်ဖုန်းကို မပျက်ဆီးအောင် ပြုလုပ်သင့်တဲ့ အချက်များ (၁)


သင်္ကြန်ကာလမှာ ရေကစားရင်းနဲ့ပဲ ဖြစ်ဖြစ်၊ အိမ်သာတွင်း၊ ရေတွင်း၊ ရေကန်များထဲ ဖုန်းပြုတ်ကျသွားလို့ပဲဖြစ်ဖြစ် အကြောင်းအမျိုးမျိုးကြောင့် ရေစိုသွားတဲ့ စမတ်ဖုန်းကို မပျက်ဆီးအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။ ဖုန်းပြင်ဆိုင်ကို အရင်မသွားဘဲ အောက်ဖော်ပြပါ နည်းလမ်းတွေကို ချက်ချင်းလုပ်ဆောင်သင့်ပါတယ်။ နည်းလမ်းများကို အပိုင်း ၂ ပိုင်းခွဲပြီး ဖော်ပြပေးလိုက်ပါတယ်။ 
အရင်ဆုံး ရေထဲကျသွားတဲ့ စမတ်ဖုန်းကို တတ်နိုင်သလောက် မြန်မြန် ရေထဲကနေ ဆယ်ယူပါ။ ရေထဲမှာ ကြာလေလေ ၊ ဖုန်းရဲ့ Ports များ၊ ဟနေတဲ့ အဆက်များကြားကနေ ရေ၀င်နိုင်မှု ရာခိုင်နှုန်း ပိုများလေလေ ဖြစ်ပါတယ်။ ရေထဲကနေ ဆယ်ယူပြီးသွားတာနဲ့ ချက်ချင်း လုပ်ဆောင်ရမယ့် အရာတွေရှိသလို ၊ ရှောင်ကြဉ်ရမယ့် အချက်တွေလည်း ရှိပါတယ်။ ရှောင်ကြဉ်ရမယ့် အချက်တွေကို အရင်ဆုံး လေ့လာကြည့်ပါ။ ရှောင်ကြဉ်ရမယ့် အချက်များ 
၁။ ဖုန်းကို ပါဝါမဖွင့်ပါနဲ့။ ( ပါဝါ ပွင့်နေရင် ပိတ်ပါ။ 
၂။ ဖုန်းခလုတ်တွေကို မနှိပ်ပါနဲ့။ 
၃။ ဖုန်းကို လှုပ်ခါခြင်း ၊ ဖုန်းမျက်နှာပြင်ကို တို့ထိခြင်းတို့ကိုလည်း ရှောင်ကြဉ်ပါ။ 
၄။ ဖုန်းကို လေနဲ့ မှုတ်ရင် ရေတွေဟာ ဖုန်းရဲ့ အခြားနေရာများကို ရောက်ရှိနိုင်တဲ့အတွက်​် မပြုလုပ်သင့်ပါဘူး။ 
၅။ လေနဲ့မှုတ်ခြင်းကို ရှောင်ကြဉ်ပါ။ လေနဲ့ မှုတ်ရင် ရေတွေဟာ ဖုန်းရဲ့ အတွင်းပိုင်း အစိတ်အပိုင်းများထံ ရောက်ရှိသွားနိုင်ပါတယ်။ အဲဒီအတွက် ပိုမို ပျက်ဆီးသွားနိုင်ပါတယ်။ 
၆။ ဖုန်းကို တစ်စစီီ ဖြုတ်ခြင်းကိုလည်း ရှောင်ကြဉ်ပါ။ သင့်ရဲ့ဖုန်းမှာ Liquid Damage Indicator (LDI) ပါတဲ့အတွက် ဖုန်းကို တစ်စစီ ဖြုတ်ရင် Warranty ပျက်ပြယ်သွားမှာပါ။ အဲဒီအတွက် သင့်မှာ အတွေ့အကြုံရှိမှသာ ဖုန်းကို တစ်စစီဖြုတ်ပါ။ 
၇။ အပူပေးခြင်းကို ရှောင်ကြဉ်ပါ။ Dryer , Microwave စတဲ့ ကိရိယာများနဲ့ အပူပေးခြင်းများကိုလည်း မလုပ်သင့်ပါဘူး။ 

ပြုလုပ်ရမယ့် အချက်များ 
၁။ ဖုန်းကို ပါဝါပိတ်ပါ။ မပိတ်ရသေးရင် လျှင်မြန်စွာ ပိတ်သင့်ပါတယ်။ 

၂။ Case များ ၊ ကာဗာများကို ဖြုတ်ပါ။ အနောက်ဘက်အခွံကို ဖြုတ်ပြီး microSD Card နဲ့ SIM Card များကို ထုတ်ပါ။ 

၃။ ဘက်ထရီ၊ SIM Cards ၊ microSD Cards များကို ဖြုတ်ပါ။ Nexus Devices များနဲ့ အချို့ဖုန်းများမှာ ဘက်ထရီကို ဖြုတ်လို့မရပါဘူး။ 

၄။ ခြောက်သွေ့ နူးညံ့တဲ့ အ၀တ် သို့မဟုတ် စက္ကူဖြင့် ဖုန်းနဲ့ သူ့ရဲ့ အစိတ်အပိုင်းတွေကို သုတ်ပါ။ ရေများကို ဖုန်းအတွင်းပိုင်းသို့ မစီး၀င်အောင် သတိပြုပါ။ ဖုန်းမှ Ports များ၊ အဆက်များထဲသို့ ရေမ၀င်အောင်လည်း သတိပြုပါ။ ရေများကို စုပ်ယူနိုင်သလောက်​စုပ်​ယူပါ။
အခုတင်ပြပေးသွားတာကတော့ ရေစိုသွားတဲ့ စမတ်ဖုန်းကို မပျက်ဆီးအောင် ပြုလုပ်သင့်တဲ့ အချက်များ အပိုင်း(၁) ကိုဖော်ပြပေးသွားတာဖြစ်ပါတယ်.
အပိုင်း(၂) ကိုဆက်လက်စောင့်မျှော်ပေးကြပါခင်ဗျာ..

 Credit to: Myanmar digital life journal